ပင်မစာမျက်နာ

This website has been accessible through 2 different addresses. On 24 January, 2026, only www.kayanliteraturecommittee.org will work. Please save this in your bookmarks so that you can continue to visit this site. Thank you!

 

Abatarò̌rî

 

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီကို ၂၀၀၀ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပသော ပန်ပက်ညီလာခံတွင် စတင်အတည်ပြုကာ ဖွဲ့စည်းခဲ့သည်။ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ-

(က) ကယန်းစာပေ နှင့် ယဉ်ကျေးမှု ဖော်ထုတ် ထိန်းသိမ်းရေး

(ခ) ကယန်းအမျိုးသား ဇာတိဂုဏ်မြှင့်တင်ရေး

(ဂ) သင့်မျှ ငြိမ်းချမ်းသော လူမှုအသိုက်အ၀န်း တည်ဆောက်ရေး ဟူ၍ဖြစ်သည်။

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဝင်ကို ဒေသအသီးသီးမှ ကိုယ်စားလှယ် (၂၁) ဦးဖြင့်ဖွဲ့စည်းထားပါသည်။ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီသည် အဓိကအားဖြင့် ကယန်းစာပေသင်ကြားခြင်းလုပ်ငန်းများ၊ ကယန်းစာအုပ်ထုတ်လုပ်သည့် လုပ်ငန်းနှင့် ကယန်းယဉ်ကျေးမှု ရိုးရာဝတ်စုံများ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို  လုပ်ကိုင်လျှက်ရှိပါသည်။ ယခုအခါတွင် ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးကို ဂန္ဓာမာလမ်း၊ ညောင်ကုန်း(၅)ရပ်ကွက်၊ ဖယ်ခုံမြို့တွင် ဖွင့်လှစ်ထားပါသည်။ 

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီလက်အောက်တွင် ကယန်းစာပေနှင့်ယဉ်ကျေးမှုဒေသကော်မတီ (၄)ခုရှိပါသည်။ ၄င်းတို့မှာ -

(က) ရှမ်းဒေသကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ

(ခ) ကယားဒေသ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ

(ဂ) ကရင်ဒေသ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ

(ဃ) နေပြည်တော်ကောင်စီနယ်မြေ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဟူ၍ဖြစ်သည်။

 

 

 

 

 

ကယန်းအမျိုးသား သီချင်း နားထာင်ရန် နှိပ်ပါ။

 

BG  Lahta ,1.jpg

   

ဒေါင်းလုတ်ဆွဲယူရန်

   

Your encouragement is valuable to us

Your stories help make websites like this possible.