ရိုးရာ တံခွန်တိုင်

ကယန်းလူမျိုးအများစုမှာ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်း ရိုးရာကိုးကွယ်မှုများကို ယနေ့တိုင် ကျင့်သုံးလျှက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ကမ်းခွမ် ဟုခေါ်သော ပွဲတော်ကို ကျင်းပလေ့ရှိသည်။ ထိုပွဲတော်မှာ ဖန်ဆင်းရှင် ဖြစ်သာ နတ်အား ပူဇော်ပသသော ပွဲတော်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သီးနှံများ မစိုက်ပျိုးမှီ ကယန်းလူမျိုးများသည် ရွာအပြင်ဖက်တွင် စုဝေးကာ တိရိစ္ဆန်တကောင်ကောင်၊ အများအားဖြင့် ကြက် သို့မဟုတ် ဝက်ကို ယူဆောင်လာသည်။ ထို့နောက် ဘာသာရေးအကြီအကဲ တဦးဦးမှ စိုက်ပျိုးသီးနှံများ အောင်မြင်စေရန် ဆုတောင်းပြီး ယူဆောင်လာသော ကြက် သို့မဟုတ် ဝက်ကို သတ်ကာ နတ်ကို ပူဇော်ရသည်။

မိသားစုဝင် တစုံတဦး မကျန်းမမာဖြစ်ပါက ကျန်မိသားစုဝင်များမှ ကြက်ကိုယူဆောင်လာရသည်။ ဘာသာရေး အကြီးအကဲတဦးမှ ထိုသူကျန်းမာလာစေရန် ဆုတောင်းရသည်။ ထို့နောက် မိသားစုမှ ယူဆောင်လာသော ကြက်အားသတ်ကာ နတ်ပူဇော်ရသည့် ယုံကြည်မှုဖြစ်သည်။

 

 

 

Your encouragement is valuable to us

Your stories help make websites like this possible.