Tamalǔ Kayǎn Li

​အ​ေခြခံ ကယန်းစာ

၁။ ဗျည်း

ကယန်းတွင် အ​ေခြခံ ဗျည်း (၂၄) လုံးရှိသည်။

ဗျည်းတွဲ

စကားလုံ တစ်လုံးကို ရေးသားရာတွင် ဗျည်း (၁) လုံ မှ ဗျည်း (၃) လုံးအထိ တွဲနိုင်သည်။

ဥပမာ   

ká       =  ခေါ်သည်။ (k ဟူသောဗျည်း တစ်လုံးသာ ပါဝင်သည်။)

kla      = ဈေး ( k, l ဟူသော ​ဗျည်း နှစ် လုံးပါဝင်သည်။)

klwai = ကြိုးဖြင့် စွပ်သည်။ (k, l, w ဟူသော ​ဗျည်း   သုံးလုံးပါဝင်သည်။)

စကားလုံးရေးသားရာတွင် တွေ့ရသော ဒုတိယဗျည်းနှင့် တတိယဗျည်းနေရာတွင် ( l, r w, y) စသော ​ဗျည်း (​၄) လုံးကိုသာ တွေ့ရပြီး အခြား ဗျည်းများကို မတွေ့ရပါ။
 

သရ

ကယန်းတွင် အခေခံ သရ (၅) လုံးရှိသည်။ ၄င်းတို့မှာ

သရတွဲများ

၄င်း အခေြခံ သရမှ အ ြခား သရ များ ပွါးနိုင်သည်။

အချို့ သော သရ များ၏ နောက်တွင် ဗျည်း (n) ကို ​ပေါင်း ထည့် ခြင်း ဖြင့် ရိုးရိုး သရ အသံမှ နှာသံသရ (nasal consonants) သို့ ​ပေြာင်း နိုင်သည်။

နှာသံသရများ

အသံအနှိမ့်၊ အမြင့်

ကယန်းတွင် အနှိမ့်၊ အမြင့် အသံ (၄) ခုရှိသည်။ သို့ သော် အမှတ် အသား (၃) ခုသာ ထားရှိသည်။

အသံအနှိမ့်၊ အမြင့် အမှတ်အသားများ

- မည်သည့် အမှတ်အသားမျှ မပါသော အသံသည် အနှိမ့်သံ ဖြစ်သည်။

- ( ́ ) အမှတ်အသားသည် အလယ်သံကို ဖေါ်ပြသည်။

- (  ̌ ) အမှတ်အသားသည် အမြင့် သံကို ဖေါ်ပြသည်။

- (  ̄ ) အမှတ်အသားသည် အမြင့် ၍ ပြတ်သောသံကို ဖေါ်ပြသည်။

ဥပမာ -  ၁

la  = နွေးသော

lá   = အားလပ်သည်။

lǎ    = လ

lā    = သစ်ရွက်

ဥပမာ -  ၂ 

na   = သင်၊ နင်၊ မင်း

ná   = ဝိညာဥ်၊ သရဲ

nǎ    = ထိပ်ဖျား

nā    = နားဆင်သည်။